Tella အသုံးပြုသူ ဇာတ်ကြောင်းများ
CLEEN ဖောင်ဒေးရှင်း- နိုင်ဂျီးရီးယား
CLEEN foundation used Tella for election monitoring in Nigeria. They received 7,800 reports from election observers that helped them identify cases of police violence and electoral fraud in real-time. The reports included photos, videos, and audio evidence, in addition to text descriptions. CLEEN foundation was able to receive, analyze and publish the results of the election monitoring process the day after the election and a report with recommendations to the Nigerian government to improve security in upcoming elections, reduce violence, and prevent fraud.
👥 +၁၀၀၀ အသုံးပြုသူများ
📲 ရုပ်ပုံများ၊ အသံနှင့် ဗီဒီယိုများ အပါအဝင် အစီရင်ခံစာ ၇၈၀၀
🗄️ ချိတ်ဆက်မှု- ODK (Kobotoolbox)
CLEEN ဖောင်ဒေးရှင်း သည် ၁၉၉၈ ခုနှစ်၌ နိုင်ဂျီးရီးယားတွင် တည်ထောင်ခဲ့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အများပြည်သူဘေးကင်းရေး၊ လုံခြုံရေးနှင့် လက်လှမ်းမီနိုင်သော တရားမျှတမှုကို မြှင့်တင်ပေးရန်အတွက် အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့ကျသော သုတေသန၊ ဥပဒေပြုရေးဆိုင်ရာ လှုံ့ဆော်မှု၊ သရုပ်ပြအစီအစဉ်များနှင့် ထုတ်ဝေမှုများကို လုပ်ဆောင်လျက်ရှိပါသည်။
နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲများ ကျင်းပစဉ် နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့များ၏ အပြုအမူကို စောင့်ကြည့်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတွင် CLEEN သည် Tella ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ စစ်ရေးအသားပေးမှုနှင့် အကြမ်းဖက်မှု ခန့်မှန်းချက်များ ဖြင့် စောင့်ကြည့်မှုမှာ အရေးကြီးပါသည်။ Tella ကို အသုံးပြု၍ CLEEN သည် အောက်ပါတို့ကို လုပ်ဆောင်နိုင်ခဲ့သည်-
- နိုင်ငံတစ်ဝန်း ရာနှင့်ချီသော အသုံးပြုသူများထံမှ ဒေတာစုဆောင်းခြင်း
- အကြမ်းဖက်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှုပုံစံများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ခြင်း
- စုဆောင်းရရှိထားသော ဒေတာ များကို အခွင့်မရှိဘဲ ပြင်ဆင်ဖျက်ဆီးခြင်းနှင့် ကြားဝင်နှောင့်ယှက်ခြင်းများမှ ကာကွယ်ခြင်း
- စုစည်းရရှိသော အချက်အလက်များအပေါ် အခြေခံ၍ နိုင်ဂျီးရီးယားအစိုးရထံ မူဝါဒဆိုင်ရာ အကြံပြုချက်များပေးခြင်း
Tella ကို အသုံးမပြုမီက WhatsApp ကို ဗဟိုပြုပြီး စာတမ်းပြုစုမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို CLEEN ဖောင်ဒေးရှင်းက လုပ်ဆောင်ခဲ့သည်- ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာ ပြဿနာများကို တိုင်ကြားရန် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့်စာတိုများကို WhatsApp နံပါတ်တစ်ခုသို့ ရာနှင့်ချီသော စောင့်ကြည့်လေ့လာသူများက ပေးပို့ခဲ့သည်။ ထို့နောက် CLEEN ဝန်ထမ်းများသည် ပေးပို့ထားသောအရာများကို ဒေါင်းလုဒ်လုပ်ကာ ပုံစံများ ခွဲခြားသတ်မှတ်ရန်အတွက် စုစည်းရန် ကြိုးစားသည်။ ယင်းလုပ်ငန်းစဥ်မှာ အလွန်ခက်ခဲပြီး အချိန်ကုန်ခံရသော လုပ်ငန်းစဉ်ဖြစ်သည်- မည်သူက မည်သည့်အချက်အလက် ပေးပို့သည်ကို ခြေရာခံရန်နှင့် ဖော်မက်အမျိုးမျိုးဖြင့် ပေးပို့လာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲပါသည်။ အခြားကိစ္စများတွင် CLEEN သည် Google Forms ကို အသုံးပြုခဲ့သည်။ ၎င်းမှာ ပိုမို၍ အစီအစဥ်တကျဖြစ်သော်လည်း မာလ်တီမီဒီယာဖိုင်များ ပေးပို့ခြင်း သို့မဟုတ် အော့ဖ်လိုင်းဒေတာ စုဆောင်းခြင်းကို မပံ့ပိုးပါ။
၂၀၁၉ ဖေဖော်ဝါရီတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာရန် Horizontal ၏ ပံ့ပိုးမှုဖြင့် CLEEN သည် Tella ကို အသုံးပြုခဲ့သည်။ Horizontal က ထည့်သွင်းခဲ့သည့် Kobotoolbox သည် ဒေတာအတွက် back-end သိုလှောင်ခန်းအဖြစ် လုပ်ဆောင်ပေးသော ဆော့ဖ်ဝဲဖြစ်ပြီး CLEEN အတွက် သီးသန့်ဆာဗာတစ်ခုတွင် ထိုဒေတာကို အချိန်နှင့်အမျှ ထိန်းသိမ်းထားသည်။ အသုံးပြုစဉ်တစ်လျှောက် ဒေတာစုဆောင်းရာ၌ အသုံးပြုသည့်ဖောင်များကို အကောင်းဆုံးပြုလုပ်နည်းနှင့် Tella ကို မြေပြင်တွင် အသုံးပြုနည်းတို့အတွက် ပံ့ပိုးမှုနှင့် လမ်းညွှန်မှုတို့ကိုလည်း Horizontal က ပေးခဲ့ပါသည်။ ပြည်နယ်ညှိနှိုင်းရေးမှူး ဒါဇင်ပေါင်းများစွာကို အက်ပ်အသုံးပြုနိုင်ရန် CLEEN က လေ့ကျင့်ပေးခဲ့ပြီး အဆိုပါညှိနှိုင်းရေးမှူးများက သက်ဆိုင်ရာပြည်နယ်အသီးသီး၌ လေ့လာစောင့်ကြည့်သူရာပေါင်းများစွာကို ထပ်ဆင့် လေ့ကျင့်ပေးခဲ့သည်။ အဆိုပါ “အသိအမှတ်ပြုခံထားရသော လေ့လာသူ" တစ်ဦးချင်းကို အသုံးပြုသူအမည်နှင့် စကားဝှက်တစ်ခုစီ ပေးထားခြင်းဖြင့် ဒေတာအတွဲတစ်ခုစီနှင့် ပတ်သက်သော နောက်ဆက်တွဲမေးခွန်းများနှင့် အတည်ပြုချက်များ ပြုလုပ်နိုင်ရန် စောင့်ကြည့်လေ့လာသူတစ်ဦးနှင့် ချိတ်ဆက်နိုင်ခဲ့ပါသည်။ ထို့ပြင် မည်သူမဆို "နိုင်ငံသား စောင့်ကြည့်လေ့လာသူ" ဖြစ်လာပြီး ဧည့်သည်အကောင့်မှတစ်ဆင့် Tella တွင် ဒေတာပေးပို့နိုင်ရန် ညွှန်ကြားချက်များကို CLEEN က ထုတ်ပြန်ခဲ့ပါသည်။
လေ့လာစောင့်ကြည့်သူများအား မဲရုံတွင် လုံခြုံရေးအရာရှိ မည်မျှရှိကြောင်း၊ မည်သည့်အချိန်တွင် ရောက်ရှိကြောင်း စသည့် ၎င်းတို့ စိတ်ဝင်စားသော သီးခြားမေးခွန်းများကို မေးရန်နှင့် မတော်တဆဖြစ်ရပ်များကို သတင်းပို့ရန် CLEEN မှ ဖောင်ပုံစံများ ဖန်တီးထားသည်။ စောင့်ကြည့်လေ့လာသူများအနေဖြင့် ဖြစ်ရပ် သရုပ်ဖော်ရေးသားခြင်းအပြင် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် အသံအထောက်အထားများ ပူးတွဲဖော်ပြခြင်းများကို အဆိုပါမတော်တဆ ဖြစ်ရပ် အစီရင်ခံစာများဖြင့် လုပ်ဆောင်နိုင်ပါသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်တစ်လျှောက် CLEEN သည် စုစုပေါင်း အစီရင်ခံစာ ၇,၈၀၀ ရရှိခဲ့သည် - အသိအမှတ်ပြုခံထားရသော စောင့်ကြည့်လေ့လာသူများထံမှ ၆,၃၀၀ နှင့် အရပ်ဘက် စောင့်ကြည့်လေ့လာသူများထံမှ ၁,၅၀၀ ရရှိခဲ့ပါသည်။ ထိုအစီရင်ခံစာများသည် အချိန်နှင့်တစ်ပြေးညီ သို့မဟုတ် အချိန်နှင့်တစ်ပြေးညီနီးပါး ရောက်ရှိခဲ့ခြင်းကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့များတွင် အစီရင်ခံစာများစွာကို CLEEN မှ ထုတ်ပြန်နိုင်ခဲ့သည် - နေ့ခင်းတွင် တစ်ကြိမ်၊ မဲရုံအားလုံးပိတ်ပြီးချိန်တွင် တစ်ကြိမ် ထုတ်ပြန်ပါသည်။ ဤနေရာတွင်ကြည့်ရှုနိုင်သည် အဆိုပါ အစီရင်ခံစာများအနက် တစ်ခုကို ရွေးကောက်ပွဲအပြီး နောက်ရက်တွင် ထုတ်ဝေခဲ့ပြီး အခြားအစီရင်ခံစာ မှာ အဓိကတွေ့ရှိချက်များနှင့်အတူ လာမည့်ရွေးကောက်ပွဲများတွင် လုံခြုံရေး တိုးမြှင့်ရန်၊ အကြမ်းဖက်မှု လျှော့ချရန်နှင့် လိမ်လည်မှုများ တားဆီးရန် နိုင်ဂျီးရီးယားအစိုးရထံ အကြံပြုချက်များ ပါဝင်ပါသည်။
ဤပထမအကြိမ် အသုံးပြုမှု အောင်မြင်ပြီးနောက် CLEEN သည် နိုင်ဂျီးရီးယားတွင် လူကုန်ကူးမှု စုံစ မ်းစစ်ဆေးရန်၊ လူကုန်ကူးမှုဖြစ်ပွားရသည့် အကြောင်းရင်းများကို ပိုမိုကောင်းမွန်စွာ နားလည်ရန်နှင့် အလားအလာရှိသော တန်ပြန်ဆောင်ရွက်မှုများကို ရှာဖွေဖော်ထုတ်ရန် Tella ကို အသုံးပြုခဲ့သည်။
Not1More - ဘရာဇီး
Not1More (N1M) used Tella to document violations of environmental and land rights in the Brazilian Amazon. In Brazil frontline environmental defenders have been suffering attacks and persecution and indigenous communities have faced attacks on their cultures, territories, and way of life. Tella is a safe way to report violations while prioritizing safety for reporters. With the results, N1M along with researchers and communities developed a map that's used as an advocacy tool for environmental justice.
Not1More (N1M) သည် ရှေ့တန်းတက်ကြွလှုပ်ရှားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကို ပံ့ပိုးပေးပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခများ၏ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ဖြစ်သည်။ N1M သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရှေ့တန်းမှ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူများကို ပံ့ပိုးပေးပြီး ကမ္ဘောဒီးယား၊ အနောက်အာဖရိကနှင့် ဘရာဇီးရှိ အန္တရာယ်ရှိသော ထိန်းသိမ်းရေးသမားများ၊ အသိုင်းအဝိုင်းများနှင့် အနီးကပ်ပူးပေါင်း၍ ပတ်ဝန်းကျင်ဆိုင်ရာ ပဋိပက္ခများနှင့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပါသည်။
ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများ၏ ယဉ်ကျေးမှု၊ နယ်မြေများနှင့် လူနေမှုပုံစံများအပေါ် တိုက်ခိုက်မှုများ ကြုံတွေ့နေရသည့် ဘရာဇီးအရှေ့မြောက်ပိုင်း၌ Tella ကို N1M မှ အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါဒေသရှိ ရှေ့တန်းတက်ကြွလှုပ်ရှားသည့် သဘာဝပတ်၀န်းကျင် ထိန်းသိမ်းရေးသမားများသည် ၎င်းတို့၏အလုပ်ကြောင့် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ထောင်ချခြင်း သို့မဟုတ် အပုပ်ချမဲဆွယ်ခြင်းများနှင့် ရင်ဆိုင်နေကြရသည်။ ၂၀၁၉ ခုနှစ်တစ်နှစ်တည်းတွင် ဘရာဇီးနိုင်ငံ၌ မြေယာကာကွယ်စောင့်ရှောက်သူ ၂၄ ဦး သေဆုံးခဲ့သည်။ ဤလူသတ်မှုများ၏ ၉၀% မှာ အမေဇုန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘာဝပတ်ဝန်းကျင်နှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူများအပေါ် တိုက်ခိုက်မှုများနှင့် ချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်အတွက် N1M သည် Tella ကို အသုံးပြုသည်။ ဆပ်ဆက်ဇ်တက္ကသိုလ်၏ ပတ်ဝန်းကျင်တရားမျှတမှုဆိုင်ရာ သုတေသီတစ်ဦးဖြစ်ပြီး N1M အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ Mary Menton က “ဘရာဇီးလ်လိုနေရာမျိုးတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့လူတွေအပေါ် အစိုးရရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေ တိုးလာနေတယ်။ တက်ကြွလှုပ်ရှားသူများအနေနဲ့ မိမိဒေတာ တတ်နိုင်သမျှ လုံခြုံနေရန် အလွန်အရေးကြီးပါတယ်။ အစိုးရက သတင်းအချက်အလက်နှင့် အထောက်အထားတွေ စုဆောင်းနေတာကြောင့် တက်ကြွလှုပ်ရှားသူတွေကို ဘေးအန္တရာယ်ကြီးကြီးမားမား မကျရောက်စေဖို့ ကျွန်ုပ်တို့ အမြဲ သေချာလုပ်ဆောင်ရပါတယ်” ဟု ရှင်းပြခဲ့သည်။
အက်ပ်၏လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံမှု အင်္ဂါရပ်များအပြင် အဖွဲ့အစည်းအနေနှင့် စုဆောင်းရယူထားသည့် အချက်အလက်များအပေါ် အပြည့်အဝပိုင်ဆိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ဝင်ရောက်သုံးစွဲခွင့်ရှိသူကို သတ်မှတ်ပေးနိုင်သောကြောင့် Tella ကို အသုံးပြုရန် N1M မှ ဆုံးဖြတ်ခဲ့သည်။ “ကျွန်ုပ်တို့မမျှဝေချင်တဲ့ စုဆောင်းထားသော အချက်အလက်များစွာရှိပါတယ်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ရွေးချယ်ခွင့်ရှိသင့်တယ်လို့ ကျွန်တော်တို့ တကယ့်ကို ယုံကြည်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ အချက်အလက်တွေကို ဘယ်သူက ဝင်ရောက်ခွင့်ရှိတယ်ဆိုတာ ဆုံးဖြတ်သူတွေ ဖြစ်သင့်ပါတယ်” ဟု Menton က ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီဘာသာစကားဖြင့် သုံးစွဲနိုင်ခြင်းကလည်း ဆုံးဖြတ်ချက်ချရာတွင် အရေးပါသောအချက် ဖြစ်ခဲ့ပါသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဘရာဇီးရှိ သစ်တောထိန်းသိမ်းစောင့်ရှောက်သူများ ညီလာခံ ကျင်းပနေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အချက်အလက်များကို ဘေးကင်းစွာစုဆောင်းရန် Tella ကို အသုံးပြုပုံနှင့် ပတ်သက်၍ Horizontal က သစ်တောထိန်းသိမ်းစောင့်ရှောက်သူများကို လေ့ကျင့်ပေးခဲ့ပါသည်။
စုဆောင်းရရှိသော ဒေတာများဖြင့် ဘာဟီယာ ဖက်ဒရယ်တက္ကသိုလ် (Federal University of Bahia)၊ Recôncavo of Bahia ဖက်ဒရယ်တက္ကသိုလ်နှင့် Bahia ပြည်နယ် တက္ကသိုလ်တို့မှ ဌာနေ တိုင်းရင်းသား ကျောင်းသားများနှင့် သုတေသီများသည် Tella ကို အသုံးပြု၍ စုဆောင်းထားသော ဌာနေတိုင်းရင်းသား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားများကို သရုပ်ဖော်ထားသည့် မြေပုံတစ်ခုပါရှိသော ဝဘ်ဆိုက်တစ်ခုကို ဖန်တီးခဲ့သည်။-https://umoutroceu.ufba.br။ APOINME (အရှေ့မြောက်ဒေသရှိ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် အဖွဲ့အစည်းများ၊ Mina's Gerais နှင့် Espírito Santo) သည် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပိုမိုသတိပြုမိလာစေရန်နှင့် ပိုမိုကောင်းမွန်သော အကာအကွယ်ရရှိရန် ထောက်ခံအားပေးသည့် ကိရိယာအဖြစ် Tella ကို အသုံးပြုခဲ့သည်။