Tella - ကိုယ်ရေးလုံခြုံမှု မူဝါဒ
Last updated on 25 February 2025.
You can read details about Tella's technical details and security audits on our Security and Privacy page.
အတိုချုံး ဗားရှင်း
Tella ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်အတွက် လိုအပ်သော အနည်းဆုံး ဒေတာပမာဏကိုသာ ကျွန်ုပ်တို့စုဆောင်းပါသည်။
ကျွန်ုပ်တို့သည် မည်သူဖြစ်ကြောင်း သိရှိနိုင်သော အချက်အလက်များကို မည်သည့်အ ခါမျှ မစုဆောင်းပါ။ သင့်ဒေတာများကို ပြင်ပအဖွဲ့အစည်းများထံ ထုတ်ဖော်၊ မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းမျိုး မည်သည့်အခါမျှ ကျွန်ုပ်တို့ မပြုလုပ်ပါ။
ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများသည် ၎င်းတို့နှင့် လက်တွဲလုပ်ကိုင်နေသော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် ဆာဗာများသို့ ဒေတာပေးပို့နိုင်သည်။ ကျွန်ုပ်တို့၏ ဒေတာလုံခြုံရေး မူဝါဒများနှင့် ကွဲပြားနိုင်သောကြောင့် အဆိုပါ လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများအား ၎င်းတို့၏ဒေတာလုံခြုံရေး မူဝါဒများအကြောင်း မေးမြန်းရန် သုံးစွဲသူများအား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရှိနေပါစေ ၎င်းတို့ကို ကိုယ်ရေးလုံခြုံမှု ကာကွယ်မှုစံနှုန်း အတူတူပေးပါသည်။
အသေးစိတ်အချက်အလက်မ ျားအတွက် အောက်ပါ ကိုယ်ရေးလုံခြုံမှု မူဝါဒ အပြည့်အစုံကို ဖတ်ရှုပါ
1. Introduction
Horizontal (“ကုမ္ပဏီ” သို့မဟုတ် “ကျွန်ုပ်တို့”) သည် သင့်ကိုယ်ရေးလုံခြုံမှုကို လေးစားပြီး ဤမူဝါဒကို လိုက်နာခြင်းဖြင့် ၎င်းကိုကာကွယ်ရန် သန္နိဋ္ဌာန် ချထားပါသည်။ ယင်းမူဝါဒတွင် ဖော်ပြထားသည်မှာ-
- Tella (“အက်ပ်”) ကို အသုံးပြုခြင်း သို့မဟုတ် ဝင်ရောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ဒေါင်းလုဒ်လုပ်ခြင်းများ ပြုလုပ်ချိန်တွင် သင်ပေးရနိုင်သော သို့မဟုတ် ကျွန်ုပ်တို့ စုဆောင်းနိုင်သော သတင်းအချက်အလက်အမျိုးအစား။
- ထိုအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့အတွက် ကျွန်ုပ်တို့၏ အလေ့အကျင့်များ။
ဤမူဝါဒသည် ဤအက်ပ်တွင် ကျွန် ုပ်တို့စုဆောင်းထားသော အချက်အလက်များနှင့်သာ သက်ဆိုင်ပါသည်။ ဤမှုဝါဒနှင့် မသက်ဆိုင်သော သတင်းအချက်အလက်များမှာ -
- ကျွန်ုပ်တို့သည် အော့ဖ်လိုင်းမှဖြစ်စေ၊ Horizontal မှ ပိုင်ဆိုင်သော သို့မဟုတ် လည်ပတ်ဆောင်ရွက်သော အခြားအက်ပ် သို့မဟုတ် ဝဘ်ဆိုက်များမှဖြစ်စေ စုဆောင်းပါသည်။
- သင်ပေးအပ်သော သို့မဟုတ် အက်ပ်အား ဖြန့်ကျက်အသုံးပြုသည့် အဖွဲ့အစည်း သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုမှ စုဆောင်းသော သတင်းအချက်အလက်များ (ပြင်ပအဖွဲ့အစည်း အချက်အလက်စုဆောင်းမှုကို ကြည့်ပါ)။
ကျွန်ုပ်တို့၏ အခြားဝဘ်ဆိုက်များနှင့် အက်ပ်များ၊ အခြားပြင်ပပါတီများ သို့မဟုတ် အက်ပ်ကို အသုံးပြုသည့် အဖွဲ့အစည်းများတွင် ကိုယ်ပိုင် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒများ ရှိနိုင်ခြင်းကြောင့် ၎င်းတို့အား သို့မဟုတ် ၎င်းတို့မှတစ်ဆင့် သတင်းအချက်အလက်များ မပေးအပ်မီ ဖတ်ရှုရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် သင့်အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။
သင့်အချက်အလက်နှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏မူဝါဒများနှင့် အလေ့အကျင့်များ၊ ယင်းအချက်အလက်များကို မည်သို့ကိုင်တွယ်ကြောင်း နားလည်ရန် ဤမူဝါဒကို ဂရုတစိုက်ဖတ်ရှုပါ။ ကျွန်ုပ်တို့၏ မူဝါဒများနှင့် အလေ့အကျင့်များကို သဘောမတူပါက ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ မပြုပါနှင့်။ ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို သဘောတူရာရောက်ပါသည်။ ဤမူဝါဒသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည် (ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအပြောင်းအလဲများကို ကြည့်ပါ)။ ဤမူဝါဒကို ကျွန်ုပ်တို့ပြန်လည်ပြင်ဆင်ပြီးနောက် ဤအက်ပ်ကို ဆက်လက်အသုံးပြုခြင်းဖြင့် အဆိုပါအပြောင်းအလဲများကို သင်လက်ခံသည်ဟု အဓိပ္ပာယ်ရောက်ပါသည်၊ ထို့ကြောင့် မူဝါဒ အပ်ဒိတ်လုပ်ခြင်း ရှိ၊မရှိ အခါအားလျော်စွာ စစ်ဆေးပါ။
2. Children Under the Age of 16
ဤအက်ပ်သည် အသက် ၁၆ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်း မဟုတ်ပါ၊ ကျွန်ုပ်တို့သည် အသက် ၁၆ နှစ်အောက် ကလေးများထံမှ ကိုယ်ရေးအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ မစုဆောင်းပါ။ မိဘ၏ ခွင့်ပြုချက်မပါဘဲ ၁၆ နှစ်အောက်ကလေးထံမှ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့စုဆောင်းရရှိထားသည်ကို သိရှိပါက ထိုအချက်အလက်များကို ကျွန်ုပ်တို့ ဖျက်ပစ်မည် ဖြစ်သည်။ ၁၆ နှစ်အောက် ကလေးတစ်ဦးထံမှ သို့မဟုတ် ထိုကလေးအကြောင်း အချက်အလက်တစ်စုံတစ်ရာ ကျွန်ုပ်တို့တွင် ရှိနိုင်သည်ဟု သင်ယုံကြည်ပါက ကျေးဇူးပြု၍ contact@tella-app.org တွင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
3. Information Tella Collects and How It Is Collected
အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုခြင်းဖြင့် သင်သည် ဒေတာစုဆောင်းခြင်းနှင့် သိမ်းဆည်းခြင်းကို သဘောတူပါသည်။ Tella သည် အက်ပ် အသုံးပြုသူများထံမှ အချက်အလက်များ စုဆောင်းသည် -
- သင် အချက်အလက်ပေးသည့်အခါ သင့်ထံမှ တိုက်ရိုက် ရယူပါသည် (အောက်တွင် “သင်ပေးသော အချက်အလက်နှင့် ဒေတာ” ကို ကြည့်ပါ)။
- အက်ပ်ကို သင်အသုံးပြုသည့်အခါ အလိုအလျောက် စုဆောင်းပါသည် (အောက်ပါ “အလိုအလျောက် အချက်အလက်စုဆောင်းခြင်း” ကို ကြည့်ပါ)။
Information And Data You Provide
သင်သည် ဤအက်ပ်ကို ဒေါင်းလုဒ်လုပ်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ပြုလုပ်သည့်အခါ အမည်နှင့် အီးမေးလ်လိပ်စာ (“ကိုယ်ရေး အချက်အလက်”) ကဲ့သို့ သင်ကိုယ်တိုင် သတ်မှတ်ထားနိုင်သည့် အချက်အလက်များကို ပေးရန် ကျွန်ုပ်တို့ တောင်းဆိုနိုင်ပါသည်။ ၎င်းတို့တွင် အောက်ပါအချက်အလက်များ ပါဝင်သည် -
- သင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါက (အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များအပါအဝင်) Horizontal နှင့် သင့်အဆက်အသွယ်များ၏ မှတ်တမ်းများနှင့် မိတ္တူများ။
- အက်ပ်နှင့်ပတ်သက်သည့် ပြဿနာတစ်ခုကို သင်သတင်းပို့သည့်အခါ သို့မဟုတ် ပိုမိုကောင်းမွန်စေရန် အကြံပြုသည့်အခါ စိစစ်လေ့လာရန်ရည်ရွယ်၍ စစ်တမ်းများကို သင့်အား တုံ့ပြန်ဖြည့်ခိုင်းနိုင်ပါသည်။
- သင်မျှဝေရန် ရွေးချယ်ထားသော ခွဲခြမ်းစိတ်ဖြာချက် အသုံးပြုမှု ဒေတာ။
ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံမှတ်တမ်းများနှင့် အခြားဖိုင်အမျိုးအစားများကို ရယူရန် သို့မဟုတ် သိမ်းဆည်းရန် ဤအက်ပ်ကို သင် အသုံးပြုနိုင်ပါသည်။ အဆိုပါဒေတာများကို သင်၏ စက်တွင် သိုလှောင်ထားပြီး ၎င်းဒေတာများကို အသုံးပြုသည့်အဖွဲ့အစည်းများ၏ ဆာဗာများသို့ လွှဲပြောင်းပေးပို့ရန် မရွေးချယ်မချင်း အက်ပ်အသုံးပြုသည့် အဖွဲ့အစည်းများ အပါအဝင် အက်ပ်ကုမ္ပဏီ သို့မဟုတ် အခြား မည်သည့် ပြင်ပအဖွဲ့အစည်းမှ ဝင်ရောက်နိုင်မည် မဟုတ်ပါ (ပြင်ပအဖွဲ့အစည်း အချက်အလက်စုဆောင်းခြင်းကို ကြည့်ပါ)။
အလိုအလျောက် အချက်အလက် စုဆောင်းခြင်း
ဤအက်ပ်ကို သင်ဒေါင်းလုဒ်လုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ ပြုလုပ်သည့်အခါ ခွဲခြမ်းစိတ်ဖြာချက်နှင့် ချွတ်ယွင်းချက် အစီရင်ခံစာများကဲ့သို့ သင်နှင့်ပတ်သက်သည့် အချက်အလက်များကို အက်ပ်မှ စုဆောင်းနိုင်သော်လည်း သင် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ထုတ်ခြင်းမပြုပါ။ အဆိုပါအလိုအလျောက် အချက်အလက်စုဆောင်းမှုကို သုံးစွဲသူက လွတ်လပ်စွာ ပိတ်နိုင်ပါသည်။ (ကျွန်ုပ်တို့၏ သင့်အချက်အလက်များ စုဆောင်းမှု၊ အသုံးပြုမှုနှင့် ထုတ်ဖော်မှုအကြောင်း သင့်ရွေးချယ်မှုများကို ကြည့်ပါ)။
ဖိုင်၊ စက်နှင့် တည်နေရာ မက်တာဒေတာ
အတည်ပြုမုဒ် ဖွင့်ထားစဉ် အက်ပ်ကို သင်ဝင်ရောက်အသုံးပြုသည့်အခါ Tella သည် အချို့ အချက်အလက်များကို အလိုအလျောက် စုဆောင်းပါသည်။
သင်ဖန်တီးသည့်ဖိုင်များ သို့မဟုတ် အက်ပ်သို့ ပေးပို့သည့်ဖိုင်များနှင့် ဆက်စပ်နေသော အချက်အလက်များကို Tella မှ စုဆောင်းပါသည်။ ၎င်းစုဆောင်းမှုတွင် ဖိုင်အမည်၊ စက်ပစ္စည်းပေါ်ရှိ ဖိုင်လမ်းကြောင်း၊ ဖိုင်ကို နောက်ဆုံးမွမ်းမံထားသည့် ရက်စွဲနှင့် အချိန်၊ မက်တာဒေတာကို ထုတ်ပေးသည့် ရက်စွဲနှင့် အချိန်၊ ဖိုင်၏ hash တန်ဖိုးကဲ့သို့ အချက်အလက်များ ပါဝင်နိုင်သည်။ အဆိုပါဒေတာများကို “ဖိုင်မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။
စက်ပစ္စည်းထုတ်လုပ်သူ၊ ဟာ့ဒ်ဝဲ၊ စက်ပစ္စည်း ID၊ မျက်နှာပြင်အရွယ်အစား၊ ဘာသာစကား၊ နေရာဒေသ၊ ချိတ်ဆက်မှု အခြေအနေ၊ ကွန်ရက်အချိန်၊ မိုဘိုင်းဒေတာအမျိုးအစား၊ ကြိုးမဲ့ကွန်ရက် MAC လိပ်စာနှင့် အင်တာနက်ပရိုတိုကော ဒေတာအပါအဝင် သင့်မိုဘိုင်းစက်ပစ္စည်းနှင့် အင်တာနက်ချိတ်ဆက်မှုဆိုင်ရာ အချက်အလက်များကိုလည်း စုဆောင်းပါသည်။ အဆိုပါဒေတာများကို “စက်ပစ္စည်း မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။
Tella သည် ဖိုင်တစ်ခုကို ဖမ်းယူသည့်အခါ စက်၏တည်နေရာကို စိစစ်ရာ၌ အထောက်အကူဖြစ်စေမည့် အချက်အလက်မျာ းကို စုဆောင်းပါသည်။ ယင်းစုဆောင်းမှုတွင် တည်နေရာ (လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ တိကျမှုနှင့် အမြင့်) အပါအဝင်၊ တည်နေရာပံ့ပိုးပေးသူ၊ တည်နေရာအမြန်နှုန်းနှင့် သင့်စက်ပစ္စည်းနှင့် ချိတ်ဆက်ထားသည့် ဆဲလ်တာဝါတိုင်များ ပါဝင်သည်။ အဆိုပါဒေတာများကို “တည်နေရာ မက်တာဒေတာ” ဟု ခြုံငုံခေါ်ဆိုသည်။
သင်၏ အက်ပ်ဆက်တင်များတွင် အတည်ပြုမုဒ် သို့မဟုတ် EXIF မက်တာဒေတာ တင်သွင်းရန် ကို ဖွင့်ခြင်းဖြင့် စုဆောင်းရန် ရွေးချယ်မှသာ ဖိုင်၊ စက်နှင့် တည်နေရာ မက်တာဒေတာတို့ကို စုဆောင်းမည်ဖြစ်သည်။ ယင်းအချက်အလက်များကို Tella မှ မစုဆောင်းစေလိုပါက အတည်ပြုမုဒ် သို့မဟုတ် EXIF မက်တာဒေတာ တင်သွင်းရန် ကို မဖွင့်ပါနှင့်။